
2025 ရဲ့ဖေဖေါ်ဝါရီလလေးမှာ ကွန်နက်ဘာရောင်းမှာလဲ
日本語の告知あります
(※日本語告知あります)
ဒီအပတ်မီနူးလေးကတော့ လာရောက်အားပေးမယ့် ဧည့်သည်တွေကို A လား B လား ရွေးချယ်ခွင့်ပေးထားပါတယ်ရှင့်
Menu A ကတော့ ရန်ကုန်မှာစားဖူးတဲ့သူတွေဆို အရသာသိပြီးကြမှာဖြစ်ပြီး “ဆင်မလိုက်ဝက်အူစုံထမင်းပေါင်း”ပဲဖြစ်ပါတယ်။ဝက်အူစုံကိုအချိူအရသာလေး နူးညံ့အိစက်နေအောင်ပေါင်းထားပြီးတော့ ထမင်းပူလေးနဲ့ တွဲဖက်သုံးဆောင်ရမှာပဲဖြစ်ပါတယ်။ဝက်သားကြိုက်တတ်တဲ့သူတွေအတွက်ကတော့ မဖြစ်မနေလာစားကိုစားသင့်တဲ့ မီနူးလေးပါ
Menu B လေးကတော့ ဝက်သားမစားတဲ့ဧည့်သည်တွေအတွက်ရော၊ဆောင်းတွင်းပူပူနွေးနွေးလေးပဲစားချင်တယ်ဆိုတဲ့ဧည့်သည်တွေအတွက် ရည်ရွယ်ပြီးတော့ ချဉ်ငံစပ် ကြက်ပဲရည်သုပ်လေးပဲဖြစ်ပါတယ်ရှင့်
Menu နှစ်ခုလုံး လာရောက်အားပေးလို့လည်းရတာမို့လို့ လာမည့်စနေ အောက်ကလိပ်စာလေးကို အပြေးလာခဲ့လိုက်တော့နော်
ဪ တခြား surprise dessert menu လေးတွေလည်းရှိတာမို့လို့ စနေနေ့ Shinokubo Korea Town လေးကိုဘော်ဒါတွေနဲ့ ချိန်းပြီး လာခဲ့လိုက်တော့နော်
ကျင်းပမည့်လိပ်စာကဒီနေရာလေးပါ
နေရာ ။ ။ 〒169-0072
1 Chome-14-14 Okubo, Shinjuku City,
နေ့ရက်။ ။2025.2.22(Sat)
အချိန် ။ ။ 12:00 – 16:00
日本福音ルーテル東京教会(東京都新宿区大久保1-14-14)
ရောင်းချရရှိလာတဲ့အမြတ်ရန်ပုံငွေတွေအားလုံးကို အမိမြန်မာပြည်တွင်းက စစ်ဘေးရှောင်ညီအစ်ကိုမောင်နှမတွေရဲ့ ကျန်းမာရေး၊ပညာရေး၊အစားအသောက်ရိက္ခာပိုင်းလေးတွေထောက်ပံ့ပေးဖို့ရည်ရွယ်ထားတဲ့အတွက် Connect နဲ့အတူတတပ်တအား ပါဝင်ပေးကြဖို့ အတူတူဝန်းရံပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်ရှင့်
စောင့်နေပါမယ်နော်
Connet အဖွဲ့သားများ