< Go back

Connect Charity Event (April – 2024)

🍛 ဟီလို ဟီလို ဘာလိုလိုနဲ့ ၄ လပိုင်းအတွက် ကော်နက်ရဲ့လစဉ်စျေးရောင်းနေ့လေးရောက်ရှိလို့လာပါပြီနော်🍛

ဒီလရဲ့ မီနူးလေးကတော့ကော်နက်မှာ ပထမဆုံးဖြစ်မယ့် ချစ်တီးထမင်းဖြစ်ပါတယ်🤩

မြန်မာပြည်မှာတုန်းက တခါတလေ သွားစားကြဖူးတဲ့ ချစ်တီးဆိုင်က ဖက်ပေါ်မှာ အကုန်ပုံပြီးစားကြတာ အမှတ်ရလာလို့ပါ၊

ချစ်တီးမဆလာနံ့လေးသင်းနေတဲ့ ဟင်းမျိုးစုံနဲ့ တွဲဖက် ချစ်တီးပဲဟင်း ၊ အားလူးပဲသီးတို့ အရွက်စုံသနပ်တို့ ထမင်းပေါ်တင် ပုံပြီး ပွဲပြင်ထားတာလေး စိတ်ထဲ စားချင်စိတ် မပေါ်လာဘူးလား!!

လက်ကလေးဆေးပြီး ဟင်းနဲ့ထမင်းနဲ့ပဲတွဲစားစား ၊ ထမင်းရော ဟင်းရော အာလူး သနပ်အစုံပါ အကုန်ရောဖတ် နယ်ပြီးစားစား အရမ်းမြိန်တဲ့ လက်နဲ့နယ်ဖတ်စားရတဲ့အရသာလေး လွမ်းမိကြလို့ စားချင်စိတ်ပေါ်လာကြရင်ဖြင့် ထူးကဲတဲ့အရသာတွေနဲ့ စောင့်ကြိုနေပါမယ် ၊

ဒီတခေါက်ပူးပေါင်းပြီးချက်ပြုတ်ပေးမယ့် အဖွဲ့ကလည်း ကော်နက်မှာအသုပ်စုံ၊ကြေးအိုးစတဲ့ရှယ်မီနူးတွေနဲ့ စံချိန်တင်ရောင်းချထောက်ပို့ပေးခဲ့ဖူးတဲ့ We For All ကမောင်နှမတွေရဲ့ လက်ရာဆိုတော့ အရသာကတော့ လုံးဝလုံးဝအာမခံတာမို့ လာရောက်အားပေးကြပါအုံးနော်🤩

မီနူးအသေးစိတ်ကတော့

၁။ ချစ်တီးအသားဟင်း (ကြက်၊ဝက်၊ဆိတ်) ကြိုက်ရာတမျိုး

၂။ချစ်တီးပဲဟင်း

၃။အာလူးပဲသီးဟင်း

၄။မုန်လာဥနီသနပ် နဲ့ မူလဆာခီဂေါ်ဖီသနပ်

၅။မီဇူးန အရွက်သုတ်

၆။သရက်သီးဒိန်ချဉ်ချိုမွှေးမွှေး

( လိုက်ပွဲဖရီးရမယ့် ထမင်းဖြူ )

တို့ကိုမှ SetMenu တစ်ပွဲကို¥1,200 ပဲကျသင့်မှာပါနော်😋😋

😊ပေ့ချ်ကနေလဲ ကြိုတင်ပြီး အော်ဒါတင်ပေးနိုင်ပါပြီ

ティクアウトやヤマトの冷蔵便でもお送りしますので、ご注文お待ちしており🥰

👇 ဒီနေရာလေးမှာလုပ်မှာပါ

နေရာ/場所 ။ ။ 〒173-0023

       東京都板橋区大山町40−5

https://x.gd/X2PWP GoogleMap

နေ့ရက် ။ ။2024.4.28(Sun)

အချိန် ။ ။ 12:00 – 16:00

🌟 Set Menu တမျိုးတည်းမဟုတ်ပဲ ကော်နက်အချိုပွဲကော်နာမှာ

TTMY ရဲ့ အရမ်းအရသာရှိတဲ့ မုန့်ချိုချိုလေးတွေ

ရန်ကုန်သမီးရဲ့ ရှယ်သရက်ယို၊မရမ်းယို၊စပ်စလူးခါသုပ်

အခြောက်အခြမ်းအနေနဲ့ ငါးခြောက်ထောင်းမွမွလေးလည်းရောင်းချပေးသွားမှာပါ🤩🤩

🌟 ကော်နက်မောင်နှမတွေက special menu အနေနဲ့ ရာသီစာမုန့်လုံးရေပေါ်လေးလည်း ရောင်းချပေးဖို့စီစဉ်နေတာကြောင့် အမြဲတမ်းအားပေးနေတဲ့ဘော်ဒါတွေရော၊ အဝေးကနေမှာတဲ့ဘော်ဒါများအားလုံးကိုမျှော်နေပါပြီနော်။

လူစုံတက်စုံနဲ့ ရောင်းတာ အစုံသွားစားကြမယ် ၊ ရောင်းလို့ရတာတွေ အကုန်ပို့လှူမယ် ၊ လတ်တလောအခြေအနေမှာ လိုအပ်နေတဲ့ မြဝတီက စစ်ဘေးရှောင် တွေကို ထောက်ကူကြမယ် ဆိုပြီး စဉ်းစားမိလို့

“အစုံ စား

အကုန် ပို့

မြဝတီ သို့”

ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီမြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေအတွက်မို့ စားရင်းထောက်ပို့ဖိုက်တာလေးတွေဆက်ဆက်လာပေးကြပါနော်

コネクトの月イチミャンマー料理販売のメニューや日程が決まりました。

今回はWe For Allのスペシャルメニューを提供致します。

✨メニュー🍛詳細✨

①チッティー(インド)カレー料理【鶏肉or豚肉or羊肉】

②チッティー(インド)豆スープ

③ジャガイモと豆野菜和え

④人参とキャベツのタナッ

⑤ミヌーザ・サラダ

⑥マンゴーラッシー(美味しいデザートです)

メインのセットの他にもミャンマーのお菓子コーナーを設置していますので、是非ともご覧頂き、ミャンマーのお菓子はどんなのか食べてみてください。

また、ミャンマーのお正月に作って食べる、中にヤシ糖が入ったしたらま団子をコネクト皆さんで作りますので、是非ともお食べください。

👇 開催場所はこちらです。

場所 ။ ။ 〒173-0023

   東京都板橋区大山町40−5

https://x.gd/X2PWP GoogleMap

日時 ။ ။2024.4.28(Sun) 12:00 – 16:00

今回の売上も前回同様に、5月から半年間かけて降り出すミャンマーの雨季に備えた生活用品をミャンマーの避難民へ送りたいと思っております。

🤩Connet🤩