< Go back

Connect Charity Event (March – 2025)

🥘 2025 ရဲ့မတ်လမှာရော ကွန်နက်ဘာရောင်းမှာလဲ😃

✨日本語の告知あります✨(※日本語告知あります)

😊ဒီလမီနူးလေးလည်း လာရောက်အားပေးမယ့် ဧည့်သည်များအတွက် Menu A သို့မဟုတ် Menu B ရွေးချယ်ခွင့်ပေးထားပါတယ်ရှင့်😉

🤭 ၂မျိုးစလုံးစားချင်ပါတယ်ဆိုလည်းမှာစားနိုင်အောင်စီစဉ်ထားပါတယ်ရှင့်

🥘Menu A ကတော့ ရှမ်းရိုးရာအစားအစာလေးဖြစ်တဲ့

တို့ဟူးနွေး(ခေါက်ဆွဲ+အီကြာကွေး)၊မုန်ညှင်းချဉ်၊ဝက်ခေါက်ကြော်နဲ့ ခေါပုတ်ကြော်ပဲ ဖြစ်ပါတယ်။

※တို့ဟူးနွေးမီနူးလေးကပူပူလေးမှ အရသာပိုရှိတာဖြစ်သောကြောင့် အအေးခန်းနဲ့ပို့မပေးပါဘူးရှင့်🤗

🥘Menu B Set လေးကတော့ မွန်အစားအစာလေးပါရှင့်

မွန်ရိုးရာကြက်သားဟင်းလေးရယ် ငါးပိချက်တို့စရာလေးရယ် ငါးခြောက်ဖုတ်လေးရယ်ပဲ ဖြစ်ပါတယ်။

※မွန်ရိုးရာဟင်းလျာလေးကတော့ အအေးခန်းပါဆယ်နဲ့လည်း ပို့ပေးပါတယ်ရှင့်🤗

ပို့စ်ရေးနေရင်းတောင် သွားရည်ကျမိ🤤

အရသာတွေကတော့ညွှန်းစရာမလိုအောင် ရှယ်ကောင်းတာမို့လို့ တိုင်းရင်သားအစားအစာလေးတွေကြိုက်တတ်တဲ့ မောင်နှမတွေ ၃လပိုင်း၂၉ရက်နေ့ စနေနေ့ Connect ကိုအပြေးလေးလာရောက်အားပေးလိုက်တော့နော်🤗

👇 ကျင်းပမည့်လိပ်စာကဒီနေရာလေးပါ 👇

နေရာ ။ ။ 〒169-0072

1 Chome-14-14 Okubo, Shinjuku City,

https://x.gd/lWdus ဒါလေးနှိပ်ပြီးလာနော်

နေ့ရက်။ ။2025.3.29(Sat)

အချိန် ။ ။ 12:00 – 16:00

日本福音ルーテル東京教会(東京都新宿区大久保1-14-14)

ရောင်းချရရှိလာတဲ့အမြတ်ရန်ပုံငွေတွေအားလုံးကို အမိမြန်မာပြည်တွင်းက စစ်ဘေးရှောင်ညီအစ်ကိုမောင်နှမတွေရဲ့ ကျန်းမာရေး၊ပညာရေး၊အစားအသောက်ရိက္ခာပိုင်းလေးတွေထောက်ပံ့ပေးဖို့ရည်ရွယ်ထားတဲ့အတွက် Connect နဲ့အတူတတပ်တအား ပါဝင်ပေးကြဖို့ တူတူဝန်းရံပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်ရှင့်🤗

စောင့်နေပါမယ်နော်😉

Connet အဖွဲ့သားများ